Language - Burmese

မဇင်တာရာဝင်း

Bachelor or Architecture (WYTU),

Master of Urban Design (The University of Hong Kong)

Career Mentorship

သူမသည် - ဗိသုကာ မေဂျာ/ မြို့ပြဒီဇိုင်း မေဂျာများအပေါ် အခြေခံ၍ မြို့ပြစီမံကိန်း လုပ်ငန်းများတွင် Design Engineer/ Coordinator အနေဖြင့် နည်းပညာပိုင်းဆိုင်ရာများတွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ၄ နှစ် လုပ်ကိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် MRT စီမံကိန်း အပါအဝင် မြို့ပြစီမံကိန်းရေးဆွဲခြင်း၊ Infrastructure စီမံကိန်းများ ရေးဆွဲခြင်းတို့အပြင် မြို့ပြနှင့်ပတ်သတ်သော သုတေသန လုပ်ငန်းများ တွင်လည်း ပါဝင်ခဲ့ပါသည်။

၂၀၂၂ ခုနှစ်မှ စ၍ စင်ကာပူနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် Project Manager အဖြစ် လုပ်ကိုင်နေပါသည်။ အထူးသဖြင့် Residential အမျိုးအစား လုံးချင်းအိမ်များကို ဦးစီးလျက်ရှိပါသည်။

သူမသည်

  • မြို့ပြတည်ဆောက်ရေး လုပ်ငန်း စိတ်ဝင်စားသူများ၊

  • စင်ကာပူ ဆောက်လုပ်ရေး လုပ်ငန်းခွင်များအကြောင်း သိလိုသူများ ၊

  • ဗိသုကာ ဘာသာရပ်ကို စိတ်ဝင်စားသူများ အား Career Growth လမ်းကြောင်းများကို လမ်းညွှန်ပြပေးနိုင်ပါသည်။

Educational Mentorship

သူမသည် 2015 ခုနှစ်တွင် ADB - JSP Scholarship Program ဖြင့် The University of Hong Kong တွင် Master of Urban Design ဘာသာရပ်ကို သင်ယူခဲ့သူဖြစ်ပါသည်။

သူမသည် -

  • တက္ကသိုလ် ဘာသာရပ် ရွေးချယ်ရာတွင် ယေဘူယျအားဖြင့် အကြံပေးနိုင်ခြင်း။

  • ဆောက်လုပ်ရေးဆိုင်ရာနှင့် အင်ဂျင်နီယာပညာရေးဆိုင်ရာများတွင် နှံ့စပ်သိကျွမ်း အကြံပေးခြင်း။

  • Master Degree များ လျောက်ထားခြင်း နှင့် Master Program အတွက် Scholarship လျောက်ထားရာတွင် အကြံပေးနိုင်ခြင်း။

  • Research Proposal/ Personal Statement နှင့် Master Program လျောက်ထားမှုအတွက် လိုအပ်သော စာရွက်စာတမ်း ပြင်ဆင်ခြင်းကိစ္စရပ်များတွင် Guideline ပေးနိုင်ခြင်း။

Personal Development

  • Professional လမ်းကြောင်းဆိုင်ရာ ရွေးချယ်မှုတွင် လမ်းပြအကြံပေးနိုင်ခြင်း။

  • Career လမ်းကြောင်းပြောင်းလိုသူများအတွက် အကြံဉာဏ်ပေးနိုင်ခြင်း။

  • လုပ်ငန်းခွင်ကျင့်ဝတ်ဆိုင်ရာ အမူအကျင့်များနှင့် ခံယူချက်များအား လမ်းပြပေးနိုင်ခြင်း။

  • လူမှုပတ်ဝန်းကျင်ဆိုင်ရာ ပေါင်းသင်းဆက်ဆံရေးများအတွက် လမ်းပြပေးနိုင်ခြင်း။

ရရှိနိုင်သည့် အချိန် -

တနင်္ဂနွေနေ့ -

မြန်မာစံတော်ချိန် မနက် ၉ နာရီ မှ ၁၂ နာရီအတွင်း

ကြာသပတေးနေ့ -

မြန်မာစံတော်ချိန် ညနေ ၈ နာရီမှ ၁၀ နာရီအတွင်း

Mentorship Fees - 50,000 Kyats/Session

Code Number - 123-ENG-FUA-ZTW-2412001