Language - Burmese

မစုနွယ်အေး

Attending Master Degree of Environmental Engineering (Mahidol University, Bangkok)

Bachelor Degree of Civil Engineering (YTU)

Biography

သူမ သည် ဆောက်လုပ်ရေးနှင့် စီမံကိန်းစီမံခန့်ခွဲမှု (Civil Engineering, Construction, Planning Management) အပိုင်းများတွင် နိုင်ငံတကာ အတွေ့အကြုံ (စင်ကာပူ၊ ဗီယက်နမ် နှင့် မြန်မာနိုင်ငံ) ၁၈ နှစ်ကျော်ရှိသည် ကျွမ်းကျင်သူ professional တစ်ဦးဖြစ်သည်။

သူမသည် အထပ်မြင့် အဆောက်အအုံ စီမံကိန်းလုပ်ငန်းများ , Steel structure အဆောက်အအုံ လုပ်ငန်းများ၊ အခြေခံအဆောက်အအုံစီမံကိန်းများနှင့် Renovation projects များ တွင် Senior Project Manager တစ်ဦး အဖြစ် တာဝန်ယူ လုပ်ကိုင်လျှက်ရှိပါသည်။

သူမ၏ လုပ်ငန်းအတွေ့အကြုံများတွင် အဆောက်အအုံအဆင့်မြှင့်တင်ရေး နှင့် ငွေကြေးစီမံခန့်ခွဲရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာနည်းပညာများဖြင့် တိကျသေချာစွာ စီမံခန့်ခွဲ တွက်ချက်အကောင်အထည်ဖော်‌‌ဆောင်ရွက်ပေးနိုင်ခြင်းလည်းပါဝင်သည်။

ထို့အပြင် သူမသည် Educational Mentorship တွင် ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်ပြီး Master Program Scholarship ရရှိရန် လမ်းညွှန်ပံ့ပိုးမှု၊ Research Proposal နှင့် Personal Statement ရေးသားနည်းများ အကြံဉာဏ်ပေးမှုများကို အထူးကျွမ်းကျင်စွာ ဆောင်ရွက်ပေးနိုင်သည်။ သူမ၏ Mentorship ဆိုင်ရာ အတွေ့အကြုံများတွင် ကျောင်းသားများ၊ လုပ်ငန်းသမားများနှင့် အလုပ်သမားအဖွဲ့အစည်းများအတွက် Professional Development Mentorship ပေးခြင်းနှင့် Career Path ကို ကောင်းမွန်စွာစီမံနိုင်စေရေး ပံ့ပိုးပေးခြင်းတို့လည်းပါဝင်သည်။

Mentorship Volunteer Program များတွင် လူငယ်များ၏ လုပ်ငန်းစွမ်းဆောင်မှုများအတွက် ကောင်းမွန်စွာလမ်းပြသည့် အတွေ့အကြုံရှိ ကျွမ်းကျင်သူတစ်ဦးလည်းဖြစ်သည်။

Su Nwe Aye သည် သူမ၏ အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုများကို အခြေခံကာ Educational and Careers path Mentorship  - ပညာရေး၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်၊ နိုင်ငံတကာ ဆောက်လုပ်ရေးနှင့် စီမံကိန်းစီမံခန့်ခွဲမှု အလုပ်အကိုင် ရရှိရေး  နည်းလမ်းများကို ထိရောက်စွာ လမ်းညွှန်ပေးနိုင်သူတစ်ဦးဖြစ်သည်။

သူမသည် -

  • Civil Engineering / Construction Planning Professional နှင့် ပတ်သတ်၍ အကြံပေးနိုင်ခြင်း။

  • Master Degree များ လျောက်ထားခြင်း နှင့် Master Program အတွက် Scholarship လျောက်ထားရာတွင် အကြံပေးနိုင်ခြင်း။

  • Research Proposal/ Personal Statement နှင့် Master Program လျောက်ထားမှုအတွက် လိုအပ်သော စာရွက်စာတမ်း ပြင်ဆင်ခြင်းကိစ္စရပ်များတွင် Guideline ပေးနိုင်ခြင်း။

  • Professional လမ်းကြောင်းဆိုင်ရာ ရွေးချယ်မှုတွင် လမ်းပြအကြံပေးနိုင်ခြင်း။

  • Career လမ်းကြောင်းပြောင်းလိုသူများအတွက် အကြံဉာဏ်ပေးနိုင်ခြင်း။

  • လုပ်ငန်းခွင်ကျင့်ဝတ်ဆိုင်ရာ အမူအကျင့်များနှင့် ခံယူချက်များအား လမ်းပြပေးနိုင်ခြင်း။

  • လူမှုပတ်ဝန်းကျင်ဆိုင်ရာ ပေါင်းသင်းဆက်ဆံရေးများအတွက် လမ်းပြပေးနိုင်ခြင်း။

ရရှိနိုင်သည့် အချိန် -

စနေ/ တနင်္ဂနွေနေ့ -

မြန်မာစံတော်ချိန် ည ၈ နာရီ မှ ၁၀ နာရီအတွင်း

ကြာသပတေးနေ့ -

မြန်မာစံတော်ချိန် ည ၈ နာရီမှ ၁၀ နာရီအတွင်း

Mentorship Fees - 50,000 Kyats/Session

Code Number - 123-ENG-FUA-SNA-2412024