
မြန်မာလူငယ်များ၏ အနာဂတ်အတွက်
Mentoring Platform
Stepping Corner Mentorship Platform သည် ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးတွင် ရောက်ရှိနေသော Mentor များမှ မြန်မာလူငယ်များသို့ အတွေ့အကြုံ၊ ဗဟုသုတများ မျှဝေပေးနိုင်သည့် Platform တစ်ခု ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ
Career Growth Mentorship တွင် Professional Sector အလိုက် ကျွမ်းကျင်ရာ Mentor များမှ ဆွေးနွေးပေးသွားမည် ဖြစ်ပါသည်။ မိမိတို့ ရွေးချယ်ထားတဲ့ Career လမ်းကြောင်းအလိုက် ဘယ်လို လမ်းကြောင်းတွေ ရှိနိုင်မလဲ/ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့နိုင်မလဲ/ ဒါတွေကို ဘယ်လိုကျော်လွှားနိုင်မလဲ စသဖြင့် မိမိရဲ့ Career တိုးတက်မှု လမ်းကြောင်းတွေကို ရှာဖွေနိုင်ဖို့ အတွက် မိမိ နှစ်သက်ရာ Mentor ကို ရွေးချယ်နိုင်ပါသည်။
ပညာရေးဆိုင်ရာ တိုးတက်မှုများ ဆွေးနွေးခြင်း၊ နိုင်ငံတကာကျောင်းဝင်ခွင့်လျောက်ထားခြင်း၊ GED/SAT အစရှိသော ပညာရေးလမ်းညွှန်မှုများ/ ဘာသာစကားတိုးတက်ခြင်း နှင့် စာမေးပွဲဖြေဆိုခြင်းလမ်းညွှန်များအပြင် ဆယ်ကျော်သက် လူငယ်များ ပညာရေးတိုးတက်မှုများအတွက် ပညာရေးဆိုင်ရာ ဆွေးနွေးမှုများ အတွက် မိမိနှစ်သက်ရာ Mentor ကို ရွေးချယ်နိုင်ပါသည်။
Personal Development Mentorship session သည် မိမိ၏ ရည်မှန်းချက် ပန်းတိုင်ကို မချမှတ်နိုင်သေးသည့် လူငယ်များကို ကူညီပေးရန်အတွက် အဓိက ဖြစ်ပါသည်။ ထို့အပြင် မိမိ၏ နေ့စဉ် နေထိုင်မှု ဘဝ အခက်အခဲများနှင့် ပေါင်းသင်းဆက်ဆံရေး တိုးတက်လာစေရန်အတွက် အကြံပြုချက် ရယူနိုင်ရန် မိမိနှစ်သက်ရာ Mentor ကို ရွေးချယ်နိုင်ပါသည်။